တနင်္လာသားသမီးများ

တနင်္လာသားသမီးတွေလား တည်ငြိမ်တယ်ထင်ရတယ်။

စိတ်က ခလေးစိတ် စိတ်မကောင်း ဖြစ်တာ
အရမ်းလွယ်တယ် ။

နည်းနည်းလေးဆို မျက်ရည်လေးကဝဲတက်လာတယ်။

ဟန်မဆောင်တတ်ဘူး ၊ သူတို့အပေါ် ကောင်းရင်( 10 )
ပြန်ကောင်းပေးတာ တနင်္လာသားသမီးတွေပါ။

စာနာစိတ်လေး ရှိတယ် ကူညီရိုင်းပင်းတတ်တယ်။

လူတိုင်းကို စိတ်ရင်းနဲ့ ပေါင်းတယ်။

တစ်ယောက်ထဲ နေရတာကို ပိုနှစ်သက်တယ်။
ဒါမဲ့သူတို့ကို နွေးထွေးမှုပေးနိုင်သူကို ရှာနေတတ်တယ်။

မနှမြောတတ်ဘူး ပေးကမ်းရက်ရောသလားမမေးနဲ့ ။

အလုပ်တစ်ခုလုပ်နေရင် သူတို့ကိုဆရာသွားလုပ်ရင်
မကြိုက်ဘူး။

အနိုင်မယူတတ်ဘူး အလိုလို အရှုံးပေးပြီးသားတွေပါ။

မိဘအပေါ်သိတတ်တယ် အစွဲလမ်းကြီးတယ်။

သူငယ်ချင်း ကောင်းရှားတယ်။

တော်ရုံနဲ့ စိတ်ဆိုး စိတ်ကောက်လေ့ မရှိဘူး
သည်းခံနိုင်တယ်။

သည်းမခံနိုင်လို့ ပေါ်က်ကွဲ ရင် သတိသာထား။

စိတ်ရင်းကောင်းသလောက် နှလုံးသားရေးတော့
ကံမကောင်းရှာဘူး။

သူတို့လေးတွေကို ချစ်ပေးကြပါ
တကယ်ခင်ခင်မင်မင် ပေါင်းကြည့် ဖြူစင်တယ်။

သိချင်တာကို ချက်ချင်းမေးတယ်။

ရစ်တာမဟုတ်ဘူး ဂျီကျတာဘာပဲ ပြောပြော
ချစ်ဖို့ကောင်းတဲ့ နေ့နာမ်လေးပါ ။တနင်္လာအကြောင်း
တစေ့တစောင်း …..

တနင်္လာသားသမီးတွေဟာ စကားနည်းတယ်
လို့ပြောကြတယ်။

မသိတဲ့ သူတွေနဲ့သာအေးတာ။မျက်နှာထားတည်တတ်လို့
မသိတဲ့သူတွေက မာနကြီးတယ်လို့ပြောကြတယ်။

သူငယ်ချင်းတွေ ထဲမှာဆို သူစကား အများဆုံး
အပေါင်းသင်းလဲများတယ်။
လူချင်လူခင်ပေါသလောက် လူမုန်းလဲများတယ်။

ဒါပေမယ့် အကြောကသိတယ် မလား။
ခွေးဟောင်တိုင်း ထမကြည့်တတ်ဘူး။

ညဏ်ကောင်းသလောက် တခါတခါအပျင်းကြီးတယ်။
စိတ်အေးပေမဲ့ စိတ်ထက်တယ် ။စိတ်မြန်တယ်။
သဘောတော့ကောင်းတယ်။

စိတ်ကြီးတယ်။ မဟုတ်မခံ
ဆတ်ဆတ်ကြဲတွေပေါ့။သည်းခံတတ်တာလဲ
တနင်္လာ သားသမီးတွေပါပဲ။

တစ်ခါတစ်လေ သူ့ကိုကြောလိုက်ရင် ရှေ့တင်မှာမျက်နှာ
မပျက်ပေမဲ့ အိမ်ရောက်ရင် တနုံ့နုံ့နဲ့ အအိပ်ပျက် အစားပျက်ပဲ။( ဘယ်လိုပြန်လုပ်လိုက်ရမှာဆိုပြီး)

သူတို့ကို သေးသေးတော့ သွားမတင်လေနဲ့ ။လုံးကြီးတင်ပြီး
အဆံပါခတ်တာလည်း တနင်္လာတွေပါ။

အရှက်ကြီးတယ်။စာနာနားလည်မှုလည်း
ပေးနိုင်စွမ်းတယ်။

ရှိသမျှလည်း ပေးကမ်းစွန့်ကြဲဖို့ ဝန်မလေးတတ်ကြဘူး။
သူများမလုပ်နိုင်ဘူး ဆိုတာကိုရွေးပြီး လုပ်ပြတတ်တယ်။

မလုပ်ရင်အရှင်း လုပ်ပြီဆိုရင်တော့ သူသေရင်သေ
သူမသေရင် ကိုယ်အသေဆိုတဲ့ လူစားမျိုးတွေပဲ
တနင်္လာသားသမီးတွေကို လိမ်ရင်တော့ သွားလိမ်တဲ့သူတွေက သူတို့အတွက်
လူရွှင်တော်ပါပဲ ။ (သိသိကြီးနဲ့နားထောင်နေတာ)

တစ်ခါတစ်ခါ သူတုိ့ကိုလိမ်လိုက်ရင် နောက်ဘယ်တော့မှ
အယုံကြည် မရှိတော့ဘူး။

စာဖတ်ရတာ ဝါသနာပါတယ် ခွင့်လွှတ်သည်းခံတတ်တယ်

ရင်ထဲကမပါရင် ဟန်ဆောင်ပြီးလည်း
မပေါင်းတတ်ဘူး ညဏ်ကောင်းတယ် အချစ်ကြီးတယ်
သံယောဇဉ် ကြီးတယ်
အချစ်ရေးမှာ တော့ကံခေသူတွေပေါ့။

သစ္စာ ဖောက်ခံရတယ် ။

အမြဲတမ်း ရတာမလို လိုတာမရတွေလေ။

မရနိုင်တာကိုမှ တမ်းတမ်းစွဲနေတတ်တာ။

တနင်္လာဆိုတော့ စိတ်ဆိုးစိတ်ကောက် လွယ်တယ် ။
စိတ်မြန်လက် မြန်လေးတွေ ။

ကြာကြာလဲ စိတ်မဆိုးတတ်ကြဘူး။
ပျော်ရွှင်တဲ့ ( Rs )ကိုဖန်တီးယူတတ်တယ်။

ဒါကြောင့် တနင်္လာ သားသမီးတွေကို
အချစ်ကြီးသူတွေလို့ ပြောကြတာ။

စိတ်တော့နာအောင်သွားမလုပ်လေနဲ့ ။
တစ်သက်လုံး လှည့်မကြည့်တတ်ဘူး။
#Crd

Comments